International News

ထိုင်းအစိုးရ အနေဖြင့် နှာခေါင်းစည်းပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်ခြင်း

Last Updated:

ထိုင်းအစိုးရအနေဖြင့် ပြည်တွင်းထောက်ပံ့မှု လုံလောက်စေရန် နှာခေါင်းစည်း(Face Mask)များ ပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပါသည်။ ပြည်တွင်းကုန်သွယ်မှု ဉီးစီးဌာန (Internal Trade Department)ညွှန်ကြားရေးမှူးချုပ် Whichai Phochanakij နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr.Jurin Laksanawisit တို့သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းတန်ဖိုးဆိုင်ရာဗဟိုကော်မတီ၏ နှာခေါင်းစည်းတင်ပို့ခြင်းနှင့် ပတ်သက်၍ နှာခေါင်းစည်းများကို ပြည်ပ သင်္ဘောတင်ပို့ခြင်းအပေါ်တားမြစ်ပိတ်ပင်သည့် ကြေငြာချက်ကို ထိထိရောက်ရောက်နှင့် လျှင်လျှင်မြန်မြန်ဆောင်ရွက်နိုင်ရန် သောကြာနေ့ (၂၁.၂.၂၀၂၀ရက် နေ့) တွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။ 

မစ္စတာဂျူရင်ဉက္ကဌအဖြစ်ဆောင်ရွက်သည့် ဗဟိုကော်မတီအနေဖြင့် ဖေဖေါ်ဝါရီလ(၃)ရက် နေ့ တွင် နှာခေါင်းစည်းများနှင့် အယ်လ်ကိုဟော အခြေကပြု လက်သန့် စင်ဆေးရည် (Alcohol -based hand sanitizer )တို့အားဈေးနှုန်းထိန်းချုပ်သည့်စာရင်း (Price Cintrol List)တွင် ထည့်သွင်းကြောင်း အတည်ပြု ပေးခဲ့ပါသည်။

ဈေးနှုန်းထိန်းချုပ်မှုစာရင်းအရကုန်ပစ္စည်းထုတ်လုပ်သူများ(Manufacturers)၊ ကုန်ပစ္စည်း ဖြန့်ဝေသူများ (Distributors)၊ ပြည်ပတင်ပို့သူများ(Exporters )၊ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်(Production cost)၊ ရောင်းဈေးနှုန်းများ(sale prices)၊ ကုန်ထုတ် လုပ်သည့်ပမာဏ(production volume)၊ ကုန်ပစ္စည်းအဝင်အထွက် ဆိုင်ရာ အသေး စိတ် စာရင်း မှတ်တမ်း(Inventory)များကို ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနသို့ အကြောင်းကြားရမည်ဖြစ် ပါသည်။ ပြည်ပသို့ အခုရေ (၅၀၀) ကျော်တင်ပို့သူများအနေဖြင့် ဉီးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်ပါသည်။

ပြည်တွင်းဝယ်လိုအားအတွက်လုံလောက်သော ပမာဏရှိနေသေးသဖြင့် ပြည်ပပို့ကုန် ပမာဏ သန့်သတ်ချက်မှလွဲ၍ လက်သန့်စင်ဆေးရည်များကိုလည်းအလားတူ အစီအမံများ ပြု လုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်အား အစိုးရအဖွဲ့မှ ဖေဖေါ်ဝါရီလ(၁၁)ရက် နေ့တွင် အတည်ပြုချက်အားရရှိခဲ့ပြီးဖြစ်ပါသည်။ Mr. Whichai က ပြေကြားရာတွင် ဗိုင်းရပ်စ်ပိုး ဖြစ်ပွား ပေါ်ပေါက်ပြီးနောက်တစ်လလျှင်နှာခေါင်းစည်းအတွက်ပြည်တွင်းဝယ်လိုအား မှာယခင်ကတစ်လ လျှင် သန်း (၃၀) သာရှိခဲ့ရာမှ ယခုအခါတစ်လလျှင်   (၄၀-၅၀)သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ တိုင်းပြည်အနေဖြင့်တစ်လလျှင်နှာခေါင်းစည်းထုတ်လုပ်နိုင်မှုမှာ သန်း (၃၀) ခန့် ထုတ်လုပ်ကြောင်းပြောကြားခဲ့ပါသည်။

ပြည်ပသို့ အခုရေ(၅၀၀)ကျော်တင်ပို့သူများအနေဖြင့် ဉီးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်ရယူ ရန်လိုအပ်မည်ဖြစ်ကြောင်း အမိန့်မှာ ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှ စတင်ခဲ့ ပါသည်။ ဖေဖေါ်ဝါရီ လ(၇)ရက်နေ့မှ(၂၁)ရက်နေ့အကြား ပြည်ပတင်ပို့သူ(၁၀၀)ကျော်မှ အခုရေ(၃၂)သန်း အထိ ပြည်ပတင်ပို့ခွင့်အတွက် ခွင့်ပြုချက်တောင်းခံခဲ့ သော်လည်း ဉီးစီးဌာနအနေဖြင့် မည်သူ့ကိုမျှ ခွင့်ပြုချက်မပေးခဲ့ကြောင်းMr.Whichai ကပြောကြားခဲ့ပါသည်။ ၎င်းက အချို့သော ပြည်ပတင်ပို့သူများအနေဖြင့် တစ်ကြိမ်လျှင် အခုရေ (၅၀၀) အောက်ဖြင့် တစ်နေ့လျှင် အကြိမ်ရေများစွာ တင်ပို့သည်ကို တွေ့ရှိခဲ့ရကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ခုနှစ်တွင်ပြည်ပသို့ နှာခေါင်းစည်း(၂၂၆)သန်းတင်ပို့ခဲ့ပြီး၂၀၁၈ ခုနှစ်တွင်တင်ပို့ခဲ့သော နှာခေါင်းစည်း(၇၁)သန်းထက် (၂၁၈%) မြင့်တက်ခဲ့ ခြင်းဖြစ်ပါသည်။ Mr.Whichai ၏ ပြောကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အတူ ပူးပေါင်း၍ အကျိုး အမြတ်မယူသောအဖွဲ့အစည်းများ (Non-Profit Organizations)၊နိုင်ငံခြားသံရုံးများ၊အကူအညီအထောက်အပံ့ပေးရေးအစီအစဉ်အောက်ရှိ အိမ်နီးချင်းနိုင်ငံများမှ နှာခေါင်းစည်းများအား သင်္ဘောတင်ပို့ခွင့်ပြုရန်အချို့သော မေတ္တာရပ်ခံတောင်းဆိုမှုများ (Requests) အပေါ် စဉ်းစားပေးနိုင်ရန် ဆပ်ကော်မတီတစ်ရပ်ကို ပူးတွဲ ဖွဲ့စည်းခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

 

Category: International News